စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် လင်ချန်းမြို့၊ ပြည်သူ့အစိုးရတို့ ပူးပေါင်း၍ မြန်မာ(နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲ၏ အကြိုညစာစားပွဲအား ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့ ညနေ (၆:၃၀) နာရီအချိန်တွင် Horizon Lake View Hotel၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။ ညစာစားပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်နှ
ပြည်ထောင်စုဝန်ကြီးရုံးသတင်းများ
မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်အနေဖြင့် (21-5-2023) ရက်နေ့တွင် ပို့ကုန်တန်ဖိုးကန် ဒေါ်လာ (0.890) သန်း၊ သွင်းကုန်တန်ဖိုးကန်ဒေါ်လာ (2.197) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (3.087) သန်း ဆောင်ရွက်နိုင်ခဲ့သည်။
အများဆုံး အမှန်တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ သရက်သီး (၅၈၃.၅)တန်၊ ငရုတ်သီး (၈၀.၈၆) တန်၊ ကဏန်း (၂၆.၄၂၅)တန်၊ ငါးရှဉ့် (၂၇.၂၀၀) တန်၊ ရေခဲပုစွန် (၁၇.၁၆၀) တန်၊ ပုစွန်ဖွဲ (၉၈.၅)တန်၊ နေလဲစေ့ (၄၈.၉၅)တန်၊ ကြက်သွန်နီ (၈၅.၅) တန်၊ ခဲသတ္တု (၈၈)တန်နှင့် မန်ကျည်းမှည့် (၇၀)တန်တို့ ဖြစ်သည်။
မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့မှုအနေဖြင့် (၁၇-၅-၂၀၂၃)ရက်နေ့မှ (၂၀-၅-၂၀၂၃)ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။
နေပြည်တော်၊ မေ ၂၂ စစ်ဆေးရေးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအလုပ်ရုံ ဆွေးနွေးပွဲ အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၃၀)နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်၊ ဦးမြင့်ချို တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
နေပြည်တော်၊ မေ ၂၁ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တွင် ကူမင်းမြို့ Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr.
နေပြည်တော် မေလ ၂၁
နေပြည်တော်၊ မေ ၁၉ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ မေလ ၁၉ ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် လင်ချန်းမြို့ ဘူတာရုံတွင် တရုတ် - မြန်မာ အိန္ဒိယသမုဒ္ဒရာ ရေလမ်းကြောင်းသစ်တည်ဆောက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးဇုန်တည်ဆောက်ရေးနှင့် အနာဂတ် စီမံကိန်းများအား လင်ချန်းမြို့၊ ဒုတိယမြို့တော်ဝန် Mr. Zhao Zijie က မြေပုံကားချပ်များဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် (၅)ကြိမ်မြောက် တရုတ်(အနောက်ပိုင်းဒေသ) အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ကုန်စည်ပြပွဲ ( The 5th Western China International Fair for Investment and Trade - WCIFIT) ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် နိုင်ငံတကာပြခန်းများအား လှည့်လည်ကြည့်ရှုကာ မြန်မာပြခန်းများကိုလည်း ကြည့်ရှုအားပေးခဲ့သည်။ ပိုမိုကောင်
လယ်ယာထွက်ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၃ ခုနှစ်၊မေလ ၁၆ ရက်နေ့တွင်တစ်သျှူး ငှက်ပျောကားစီးရေ (၄) စီး၊ တန်ချိန် (၆၄) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုး အမေရိ ကန်ဒေါ်လာ (၀.၀၂၂)သန်း တင်ပို့နိုင်ခဲ့သည်။ တရုတ်နိုင်ငံမှ ဂျပ်စက္ကူကားစီးရေ (၅)စီး၊ တန်ချိန် (၄၀) တန်၊ ချည်ခင်ကားစီးရေ (၃)စီး၊ တန်ချိန် (၄၃.၉)တန်၊ ပိတ်လိပ်ကားစီးရေ (၃)စီး၊ တန်ချိန် (၄၈) တန်၊ မြက်ခင်းတု ကားစီးရေ (၁) စီး၊ တန်ချိန် (၇.၅)တန်၊ ပီနံအိတ် ကားစီးရေ (၃) စီး၊ တန်ချိန် (၃၈) တန်၊ PVC ပိုက်ကားစီးရေ (၂)စီး၊ တန်ချိန် (၁၃) တန်၊ ဆောက်လုပ်ရေး လုပ်ငန်
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Aung Gyi Group of Co., Ltd. မှ တင်သွင်းလာသော JAC အမျိုးအစား၊ လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60 KW (၁၅) စုံသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာ ပါသဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်နှင့် အဆိုပါ လျှပ်စစ်သုံးယာဉ်အားသွင်းစက် တင်သွင်းခြင်းအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထား ကြောင်း သတင်းရရှိသည်။