နေပြည်တော်၊ ဇူလိုင် ၃
ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များပါဝင် သော အာဆီယံ−ဟောင်ကောင်(တရုတ်) လွတ်လပ်သော ကုန်သွယ်မှုဒေသ၏ အကောက်ခွန်နှုန်းထားနှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။