အကောက်ခွန်လွတ်အရောင်းဆိုင်လက်မှတ်များ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းများဆောင်ရွက်ရာတွင် လိုအပ်သော အချက်အလက်များ

၁။    ကုမ္ပဏီမှတ်ပုံတင်လက်မှတ်(ရောင်းဝယ်ရေးလုပ်ငန်း)။
၂။    ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်။
၃။    ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်သတ်မှတ်ထားသော ဌာန၏ ဆိုင်ခန်း ဖွင့်လှစ်ခွင့်ပြုကြောင်းထောက်ခံချက်နှင့် ဆိုင်ခန်းငှားရမ်းစာချုပ်။
၄။    အကောက်ခွန်ဦးစီးဌာနမှ အာမခံသိုလှောင်ရုံ Bonded Warehouse ထားရှိ ဆောင်ရွက်ခွင့် လိုင်စင်။
၅။    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးသည့်ယစ်မျိုးလိုင်စင် (FL-19)၊

လုပ်ငန်းသုံးယာဉ်များ ပြည်ပမှတင်သွင်းခွင့်ပြုလျက်ရှိသည့် အစီအစဉ်များကို သိရှိလို ပါသည်။

လုပ်ငန်းသုံးမော်တော်ယာဉ်များ ပြည်ပမှတင်သွင်းခွင့်ပြုရာတွင် မော်‌တော်ယာဉ် အရောင်း ပြခန်း၊ လုပ်ငန်းသုံးအရောင်းစင်တာများမှ တင်သွင်းခွင့်ပြုခြင်းအစီအစဉ်၊ အစိုးရဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ တင်ဒါအောင်မြင်ကြောင်း ထောက်ခံချက်ဖြင့် လျှောက်ထားသည့် ကုမ္ပဏီများအား တင်သွင်းခွင့်ပြုခြင်းအစီအစဉ်၊ ကိုယ်ပိုင်လုပ်ငန်းတွင် အသုံးပြုရန်အတွက် တင်သွင်းခွင့်ပြုခြင်းအစီအစဉ်တို့ဖြင့် ခွင့်ပြုပေးလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်အတွင်း လုပ်ငန်းသုံးယာဉ်များ ပြည်ပမှတင်သွင်းခွင့်ပြုသည့် Model Year သတ်မှတ်ချက်ကို သိရှိလိုပါသည်။

လုပ်ငန်းသုံးယာဉ်များအား မော်တော်ယာဉ်အရောင်းပြခန်းများမှ တင်သွင်းရောင်းချနိုင်ရေး အတွက် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် (၂၀၂၃ ခုနှစ်မော်ဒယ် နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်) ဘယ်မောင်း (Left Hand Drive) ၊ အသစ် (Brand New) များကို တင်သွင်းခွင့်ပြုထားပါသည်။ လုပ်ငန်းသုံးယာဉ်များအား လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာများမှ တင်သွင်း ရောင်းချနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်မော်ဒယ်နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်ယာဉ်များကို အသစ် (Brand New) အဖြစ်လည်းကောင်း၊ ၂၀၂၀ ခုနှစ်မော်ဒယ်မှ ၂၀၂၃ ခုနှစ်မော်ဒယ်အထိ ယာဉ် များကို Reconditioned  အဖြစ်လည်းကောင်း ဘယ်မောင်း (Left Hand Drive) ယာဉ် များသာ တင်သ

လျှပ်စစ်သုံးယာဉ်များ ပြည်ပမှတင်သွင်းခွင့်ပြုသည့် Model Year သတ်မှတ်ချက်ကို သိရှိလို ပါသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ခွင့်ပြုမိန့်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီများမှ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle) များ တင်သွင်းခွင့်အတွက် ရောက်ရှိခုနှစ်နှင့် ရောက်ရှိခုနှစ်အောက် တစ်နှစ်နိမ့်မော်ဒယ် (၂၀၂၃ ခုနှစ်မော်ဒယ် နှင့် ၂၀၂၄ ခုနှစ်မော်ဒယ်) ဘယ်မောင်း (Left Hand Drive) ၊ အသစ် (Brand New) များကို တင်သွင်း ခွင့်ပြုထားပါသည်။

Automatic Licensing စနစ်နှင့် Non-Automatic Licensing စနစ်ထုတ်ပြန်ထားမှုများ အားသိလိုပါသည်။

ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုများကို Automatic Licensing စနစ်နှင့် Non-Automatic Licensing စနစ် ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ပို့ကုန်နှင့်ပတ် သက်ပြီး သတင်းလွှာ ၆/၂၀၂၃ နှင့် သွင်းကုန်နှင့်ပတ်သက်ပြီး သတင်းလွှာ ၉/၂၀၂၃ တို့တွင် H.S Code အလိုက် အသေးစိတ်ကြည့်ရှု့နိုင်ပါသည်။