နေပြည်တော်၊ ဩဂုတ်လ ၁၇
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ ရောက်ရှိနေသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေလိုက်ပါ၍ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ China(Yunnan)Pilot Free Trade Zone ရှိ RCEP ကုန်စည် ဖြန့်ဖြူးရေးစင်တာသို့ သွားရောက် လေ့လာခဲ့သည်။